ကန်တော်အောက်က ကောက်ရတဲ့ ကဗျာ

ကန်တော်အောက်က ကောက်ရတဲ့ ကဗျာ
မောင်လွမ်းဏီ
 
 
မိတ္ထီလာကန်တော်အောက်မှာ
ဖားကောက်မယ့်သူက
ဘယ့်နှယ် ရုံးရောက် ဂတ်ရောက် ဖြစ်ရတာလဲ
မမြင့်မြင့်အေး။

မိုးထိမိုးမိမှာလည်း
ကင်းငြိ မြွေထိ ဖြစ်မယ့်ကိန်း။

လယ်သမားအရေး
ကြွေးပူ ဘုရင်ဆပ်သာ ကြားဖူးပါတယ်
ငထွားက ခါးနာဇာတ်
ခင်ဗျားပဲ ကတတ်တယ်။

မိတ္ထီလာကွန်ရက်တွေ
ချင်းတွင်းမြစ်ကြောင်းကို ဆန်
ကြေးနီမောင်းကို ထုတော့
ရင်ထုမနာသံတွေ
မန္တလာကျုံးမှာ လှိုင်းထန်ခဲ့ပြန်။


မိတ္ထီလာမီးက
ခင်ဗျားတယောက်တည်း
လောင်နေတာမဟုတ်ဘူး
တောင်သာ မြင်းခြံကို ကူးရင်
သာစည်လမ်းဆုံဟာ မတွေးဝံ့စရာ။

မုံရွာ - မန္တလေး - အိုးဘိုမှာ နော်အုန်းလှ
ပေါင်းတည်မှာ မြင့်မြင့်အေး
ပြည်ထဲရေးကတော့ ရင်လေးစရာ
ပြည်တွင်ငြိမ်းချမ်းရေးက အိပ်မက်ပမာ။

ဦးဝင်းချို၊ ကိုအောင်စိုးတို့လည်း
ပသို့ဆိုစေ
ပြည်သူထဲက ပြည်သူလေ။

မမြင့်အေး
ခင်ဗျားလူထု၊ စနစ်ကို အန်တုဖို့
ထောင်အသစ်တခု
ထုဆစ်တည်ဆောက်နေပြီထင်ပါရဲ့။ ။


၁၆-၉-၂၀၁၃

0 comments:

Post a Comment