လူခြေတိတ်တဲ့မြို့

လူခြေတိတ်တဲ့မြို့
နေ၀န်းနီ



မနက်ခင်း မြူခိုးဝေတဲ့ မြို့ကြီးမှာ
အဖြူစစ်စစ်တွေ သွေးရောင်လွှမ်းလို့
အလင်းစပျိုးချိန် မြို့ထဲဝင်
အမှောင်ကြီးစိုးချိန် မြို့ထဲက
ထွက်သွားတဲ့ မြို့သားတွေ
မြို့ကြီးကို စွန့်ခွာလို့.....................။

ကိုယ် ချစ်တဲ့မြို့မှာ ကိုယ် မွေးတယ်
ကိုယ့် သမိုင်းအကြောင်း ကိုယ်ရေးမယ်
ကိုယ့် သင်္ချိုင်းမှာ ကိုယ့်ကို မြေမြုပ်ပေးပါ.......................။


အခုချိန်မှာ အချစ်အတွက် စစ်ခင်းမှာလား
အခုချိန်မှာ ဘ၀အတွက် စစ်တိုက်မှာလား
အခုချိန်မှာ သမိုင်းအတွက်ဆို နောက်ကျနေပြီလား...............။

ကျုံးကြီးကို မေးကြည့်လိုက်
မြို့ကို ရေရောထားလားလို့.......................။

မန္တလေးတောင်ကို မေးကြည့်လိုက်
မြို့ကို ရွှေခြေချင်းပတ်ထားသေးလားလို့...................။

ကုသိုလ်တော်က သစ်ပင်အိုကြီးကို မေးကြည့်လိုက်
မြို့မှာ လူမျိုးခြားဘယ်နှယောက်ပါသလဲလို့.......................။

မဟာမြတ်မုနိမြတ်စွာဘုရားကို သက်သေတည်လို့
သစ္စာဆိုမယ် မြို့ရဲ့ သမိုင်းကို နက်သထက်နက်အောင်
သစ်ပင်မှာ ထွင်းထုသလို ရင်ထဲမှာ ထုဆစ်
ဒီမြို့ နဲ့ ဒီသမိုင်းက Made In China မဟုတ်ဘူး။                    ။

0 comments:

Post a Comment