အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ

အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ
မင်းကိုနိုင်

ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။

 
ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။

ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။

ယုံကြည်တဲ့ ...

1 comments:

ဘိုဖြူ said...

ကဗျာလေးကောင်းတယ်ဗျာ

Post a Comment