ခံတပ်



ခံတပ်
မောင်လွမ်းဏီ

 
ခံတပ်
ရန်သတ်ဖို့၊ ရန်ပြတ်ဖို့ 
ရင်နဲ့ ဖြတ်တဲ့ နှောင်ကြိုး။

ခံတပ်
သွေးနဲ့သား၊ ကပ်ထားရတဲ့
သင်္ချိုင်းတု။

ခံတပ်
အနိုင်အရှုံး ကို
အကျအဆုံးနဲ့  တိုင်းတဲ့
သမိုင်းမှတ်တိုင်။

ခံတပ်ပေါ်က၊ ခေါ်သံတွေလား
နားထောင်စမ်းပ၊ ကြားယောင်မှန်းဆ
ဓားတောင်တန်းက နားစွင့်ချိန်။

မကြံအပ်ငဲ့
ခံတပ်ကိုပင်၊ ကြံဖတ်လိုမှတ်
သံအမတ် စံအိမ်ထင်ပြီကော။ ။

၁၈ - ၁၀ - ၂၀၁၃


0 comments:

Post a Comment