သိုးကျောင်းချိန်

သိုးကျောင်းချိန်
မောင်လွမ်းဏီ
 
 
သိုးတွေက
ကဗျာမရေးဘူး။
သိုးတွေကို
အဖြူရောင်ဆိုးတော့
ပိုးသားအိပ်မက်နဲ
သိုးတွေ တိတ်တယ်။
 
မည်းမည်းမြင်ရာ
အမဲလိုက်နေကြတာပေါ့
သိုးကတော့
လည်စင်းခံပေးတဲ့အထိ ရိုးအတယ်။
သိုးတွေအကြောင်းက
ပြောရဆိုရ မကောင်းပါဘူး
စိတ်ထောင်းကိုယ်ကြေ ဖြစ်လွန်းလို့။
ဟိုရွာရိုးမှာ
သိုးကျောင်းသားလေး
သူဌေးအလာ စောင့်နေရှာ။ ။
၃၀-၈-၂၀၁၂



1 comments:

Post a Comment