သမဂ္ဂတိုက်ပုံ
မောင်လွမ်းဏီ

လှိုင်သာယာမှာ
သိုးမွေးချည် ပြတ်နေပေမယ့်
အထည်ကျန် ချုပ်နေရတယ်
သတဲ့
မအေးစိုး။
အဝေးက
အထည်ရွေးသူနဲ့ 
သူဌေး ရွေးနေကြတာ တွေ့တော့
...။
မဲဆောက်မှာ
ကျုပ်တို့ ချုပ်တဲ့ အလုပ်က အရေပြား
နှလုံးသားက
သမဂ္ဂဂျာကင်
ခင်ဗျား ဂန္ထ၀င်ဖြစ်အောင် ရေး
ဆဲဗင်းဂျူလိုင်ဟာ
အမြဲတမ်း
ချုပ်နေရမယ့် ပြက္ခဒိန်။ ။
၅-၇-၂၀၁၃
0 comments:
Post a Comment