ကြယ်ကလေးတွေရှိသေးတယ်

ကြယ်ကလေးတွေရှိသေးတယ်
ဒီလက်မျိုး(ခေတ္တ) အမေရိက
 
 
 
 
 
 
 
 
လောကက သိပ်မှောင်သွားလို့လား
ကြယ်ကလေးတွေ ရှိပါသေးတယ်ကွယ်။

အမှောင်ထုကို မဖြိုခွင်းနိုင်ပေမယ့်
သူတို့လင်းနိုင်တဲ့စွမ်းအားနဲ့လဲ
ကမ္ဘာမြေကြီးကို လင်းနိုင်စွမ်းအားပေးနိုင်ခဲ့တာပဲလေ။

လမင်းလောက်မစွမ်းသာပေမယ့်
သူအားကလည်း လောကကြီးအတွက်
မရှိမဖြစ်လို့ ဆိုရပေမကော။
ကြယ်ကလေးတွေ ရှိပါသေးတယ်ကွယ်။
ကြယ်ကလေးတွေက ဘယ်တော့မှမပျောက်ပျက်သွားပါဘူးကွယ်။

အမှန်တရားအတွက်
လူ့ဘ၀အတွက်
လောကနိယာမအတွက်
ကြယ်ကလေးတွေဟာ
ကောင်းကင်ပေါ်မှာမှမဟုတ်ပါဘူး
ကတုတ်ကျင်းထဲမှာ
အင်ဖက်မိုးတွေအောက်မှာ
ပြောက်ကျားစစ်ဝတ်စုံတွေကြားထဲမှ
အေကေ၄၇နဲ့ အမ်၁၆ မောင်းပြန်သေနတ်တွေကြားထဲမှာလဲ
ကြယ်ကလေးတွေရှိနေတာပဲလေ။

ဒါဟာ
အမိန့်နဲ့စေခိုင်းခဲ့တာမဟုတ်တဲ့
လူလောကရဲ့တာဝန်ကို
ကျေပွန်စွာထမ်းဆောင်နေတဲ့ကြယ်ကလေးတွေလေ။

လောကကြီးအတွက်
မှောင်ရာမဲမဲမှာ အလင်းတကွက်ပြပေးနိုင်တဲ့
ကြယ်ကလေးတွေပေါ့။

ကြိုက်သလောက်မှောင်စမ်းပါစေ
အမှန်တရားအတွက်ကတော့
ကြယ်ကလေးတွေ ရှိနေတုန်းပဲလေ။



နိုဝင်ဘာလ ၂ရက် ည ၉ နာရီ ၂၀ မိနစ်

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၄နှစ်ပြည့်အခန်းအနားနှင့် တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောရဲဘော်များ။မြန်မာ့ဒီမိုကရေစီအရေးအတွက် ပုံစံ အမျိုးမျိုးဖြင့် အသက်စွန့်လွတ်သွားကြသော ရဲဘော်ကျောင်းသားလူငယ်များအား ယခုကဗျာဖြင့် ဂုဏ်ပြုပါသည်။


2 comments:

စံပယ်ချို said...

ဗညားရေ အကြီးမကြာခဏရောက်ပါတယ် ဗညားတင်တဲ့ကဗျာတွေ
အားလုံးက ခံစားလို့ကောင်းတယ်
ခင်မင်တဲ့ sis jasmine

poemvillager said...

ဟုတ်ကဲ့ ဂျက်စမင်းရေ ကျေးဇူးတင်ပါတယ်

Post a Comment