ရှပ်အင်္ကျီအဟောင်းကလေးတထည်

ရှပ်အင်္ကျီအဟောင်းကလေးတထည်
နှင်းခါးမိုး
 


နေလောင်လွန်းလို့

အကွက်မပေါ်တော့ဘူး...


နေလောင်ဒဏ်ကိုတော့

ခံနိုင်တုန်းပါပဲ

ခါးလှဖို့မဟုတ်ဘူး

ဝမ်းဝဖို့ဝတ်ထားတာပါ...


နဖူးကချွေး ခြေမမကျခင်

ရင်ဘတ်မှာ ကြယ်သီးလေးတလုံးကလည်း ပြုတ်နေသေး...


သနပ်ခါးထူထူ

အုတ်သဲကျောက်ဘိလပ်မြေမှုန့်ထူထူ

ဆေးသုတ်ပြီးစ တိုက်အသစ်ကြီးကို လည်ပြန်ငေး....


ဘယ်သူမှ မကြားခဲ့ကြတဲ့ ရှိုက်သံသဲ့သဲ့လေး
သံချည်သံကွေး သူ့ကောင်ကလေး။        ။

0 comments:

Post a Comment