စစ်ပွဲတွေရပ်ကြရင်ကောင်းမယ် မေမေ

စစ်ပွဲတွေရပ်ကြရင်ကောင်းမယ် မေမေ
ဒီလက်မျိုး
 
 
စစ်ပွဲတွေရပ်ပေးကြပါ။
မေမေရေ
စစ်ပွဲတွေကြောင့် မေမေနဲ့ကျနော်ကွဲခဲ့တာ
ဆယ်စုနှစ်ကျော်ခဲ့ပေါ့။
မေမေနဲ့ကျနော်ကြားမှာ
ချစ်ခြင်းတရားနဲ့ မေတ္တာတရားရှိသလို
သေနတ်ပြောင်းဝခြင်းကိုလဲ
သံယောဇဉ်ရှိချင်တယ် မေမေရယ်။
လက်ညှိုးတချောင်းကွေးလိုက်လို့
လူတယောက်သေတာထက်
စာတကြောင်းရေးးလိုက်လို့
လူတသောင်းငြိမ်းချမ်းပျော်ရွင်တာကို
လိုချင်မိတာက အမေ့ရဲ့သားပါ မေမေ။
မေမေရေ
ငယ်ငယ်တုန်းက ၀ါသနာအပါဆုံးအလုပ်က
ရန်ဖြစ်တာဆိုပေမယ့်
ဒီအချိန်မှာ
ကျနော်အလိုချင်ဆုံးက
တိုင်းပြည်တိုင်းရဲ့သေနတ်ပြောင်းဝမှာ
မီးခိုးငွေ့တွေ ဝေမနေတာကိုပဲ။
ဒါပေမယ့်မေမေရယ်
သူတို့ စစ်တိုက်နေကြတုန်းပဲ။


အောက်တိုဘာ ၂၁ ၂၀၁၂ ည ၁၁ နာရီခွဲ

0 comments:

Post a Comment