ဖေဖော်ဝါရီ လောင်တိုက်

ဖေဖော်ဝါရီ လောင်တိုက်
တက္ကသိုလ်မြတ်မင်း


ခရီးထွက်မိတဲ့ နှလုံးသားက
လေတိုက်မိတဲ့ သစ်ကိုင်ပမာဖြစ်ခဲ့
မကြေငြာခဲ့တဲ့ ရင်ခွင်အရိပ်အောက်
ချည်နှောင်ကြိုးတခုလို နှောင်ဖွဲ့ခဲ့ရင်း
ဆေးစက်ကျရာ ရေးစပ်မည့်
ကဗျာတွေလည်း နှေးကွေးခဲ့ပြီ….။
ဖြူစင်ရိုးသားတဲ့ အသိဝိညာဉ်တွေလည်း
ဆေးဆိုးပန်းရိုက် ကာလာတွေသာ ချယ်သရင်း
ကမ္ဘာတစွန်းတဖက်က မမြင်နိုင်တဲ့
နှလုံးသားခုန်နှုန်းတွေ နိုးကြားခဲ့
ကာလနဂါးလို အလန့်တကြားဖြစ်ခဲ့တဲ့
စိတ်အသိတွေက မေတ္တာလွင်ပြင်ကို
ခရီးသွားခဲ့မိ မကြာမှီ…..
ခွဲခွာတော့မည့် သစ်စိမ်းကျိုးတခုက
မျက်ရည်လွင်ပြင်မှာ ပျံဝဲနေဆဲ…။
ဒီလိုနဲ့ အတိတ်တွေကို
မေ့ပျောက်ဖို့ ကြိုးစားနေဆဲ
အဝေးက ခရီးသွားဧည့်သည်ကို
ကြိုဆိုမိခဲ့တဲ့ ရင်ခွင်အိပ်ယာထဲ
အခုတော့လည်း သူငိုနေခဲ့…။
မနက်ဖြန် နေရောင်ခြည်အောက်
ပန်းတွေအတူကောက်ရင်း အပြုံးနဲ့မျက်ရည်
နှလုံးထက်က သက်သေတွေနဲ့
မမုန်းမဖက်တဲ့ လက်အစုံက
ကိုယ်စီရင်ခွင်မှာ သိုင်းဖက်ကြရင်း
ဝေဒနာခရီးတခုနဲ့ သူခရီးဆက်ခဲ့ပေါ့….။
၁၄ ရက်နေ့ ဖော်ဖာဝါရီဆိုတာ
နှလုံးသား အက္ခရာတွေကို
ရေးစပ်ကြတဲ့ သတ်မှတ်ချက်ဆိုပေမဲ့
သူတို့နှစ်ဦးအတွက်တော့ ပေးဆပ်မျက်ရည်တွေနဲ့
ဝေဒနာလမ်းဆုံးတခုကို အဓိပ္ပာယ်မဲ့
အထီးကျန်လက်နဲ့ အလွမ်းတွေသိုင်းဖက်လို့
မရေရာတဲ့ ခရီးအဝေးကို ရောက်ရှိခဲ့ပေါ့…။
တက္ကသိုလ်မြတ်မင်း

1 comments:

Sofar Away Fromu said...

အားပေးပါတယ်...

Post a Comment