အလွမ်းသစ်ပင်

အလွမ်းသစ်ပင်
   အာကာ

မသေရုံတမယ်
နင်စိုက်ထားခဲ့တဲ့
အလွမ်းသစ်ပင်
ပန်းတွေပွင့်ချိန်မှာ



နင်ကိုယ်တိုင်
လာမရိတ်သိမ်းနိုင်တော့လဲ.. .
ငါ့ရင်ခွင်တခုလုံး..
မွဲချောက်ချောက်ဖြစ်နေလေရဲ့... 

အလွမ်းသစ်ပင်က
ပန်းဖြစ်တာတောင်
မြေမခပါရစေနဲ့တော့
လယ်သူမလေးရာ..
နင်ကိုယ်တိုင်လာရိတ်သိမ်းပေလှည့်ပါ..

0 comments:

Post a Comment