အလုပ်မဖြစ်ခဲ့တဲ့နှစ်
မောင်လွမ်းဏီ
၁၁
ပြီး ၁၂ ပေါ့
အနှစ်သာရ
အရကိုကပဲ
ဘာ
ငြင်းစရာရှိလို့ လဲ။
ရှေ
့နောက်ဆိုတော့လည်း
ရှေ
့ ပြီး နောက်ပေါ့။
သမိုင်း
သင်ခန်းစာတွေကလည်း
ရှေ
့ ကို ကိုးကား
နောက်ကို
ပြဌာန်း
အိပ်မက်လမ်းတွေကို
ဖေ့စ်ဘုတ်ကနေ
ဖောက်လုပ်နေတာတွေတောင်
ရှိနေပြီ
ဇဝေဇ၀ါ
မဖြစ်နဲ့ ၊ မချေမရာ မဖြစ်နဲ့ 
မသေမချာ
ဒုက္ခမဖြစ်နဲ့ တဲ့
၂၀၁၂
အစစ်ပါ။
နေလောင်ရုံမက
ခြင်းထဲမှာ
အလှခင်းထားတဲ့
သစ်သီးတွေလည်း
ရက်လွန်ရင်
ပုပ်အဲ့သလို
မင်းကိုယ်က
ချဉ်စော်နံတယ်လို့ 
ဝန်ခံစေချင်ကြတဲ့
မနှစ်က ပွဲတော်ရက်တွေ။
ပစ်ကွင်းကို
မြားခွန်နှချောင်းလုံး
ထိမှန်အောင်
ပစ်ခဲ့သော်ငြား
အမှန်တရားကို
ထွန်ယက်ခဲ့သူတွေအတွက်
တသက်တာ
ကျမ်းကိုးတွေက
ရိုးစင်းထုံအီ၊
မညီမချောခဲ့တဲ့ ၂၀၁၁
ဘာဖြစ်ဖြစ်
ခင်ဗျား
ငြင်းဆန်ပစ်ပယ်မှာ သေချာတယ်။ ။
၃၁
- ၁၂ - ၂၀၁၁
2 comments:
ကဗျာလေး ကောင်းတယ်ဗျ ... အားပေးသွားတယ် ဗျာ ..
အခုမှရောက်ဖူးတာပါ ... အမြဲ အားပေးနေမယ် ... နော်
Happy New Year ပါ .. သူငယ်ချင်း
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ
Post a Comment