ပိတောက်တစ္ဆေ
ကိုဇော်ငြိမ်း
နှလုံးသားတောင်ထိပ်
အလွမ်းမိုးရိပ်တွေ ဆင်လေတိုင်း
ရင်ထဲမှာ မျက်ရည်ဝိုင်းမိတဲ့အဖြစ်
ပိတောက်တစ္ဆေက ရောက်ရာလေမှာ
အရိပ်ပမာ ခြောက်လှန့်နေဆဲ
သြော်
…. ဒီနှစ်သင်္ကြန်လည်း
တို့
နှစ်ယောက် အဝေးမှာပဲ …….. နော် …… ။
သူများတွေပျော်လို့ မပျော်နိုင်တဲ့အဖြစ်
အခြေအနေတွေ ယိုင်ခဲ့တာလည်း
အသစ်ဆိုတာ မဖြစ်တော့ပါလားကွယ်
သင်္ကြန်ရေနဲ့အတူ ပါးပြင်ပေါ်ကအပူတစ်စ
လူတွေမမြင်အောင် ကျခဲ့ရတဲ့ဘဝ
ပိတောက်ပန်းတွေကတော့ လှနေပါတယ်လေ …… ။
တမ်းတနေပါတယ် သင်္ကြန်ရေ ….
မြေသင်းနံ့လေး တသင်းသင်းနဲ့
ပိတောက်ပန်းတွေ ခေါင်းမှာဝေခဲ့တဲ့ချစ်သူ
အခုချိန်ထိ အပြစ်ယူနေတုန်းပဲနော်
ခွင့်လွှတ်ပါဆိုတဲ့ မရဲတရဲစကား
ရင်ထဲမှာ ကြားနေတုန်းခဏ
ပိတောက်ပန်းတွေလည်း
နေရာယူ မှားကုန်ကြတယ်လေ …….. ။
သေချာတာကတော့
…
အပူတွေများနေတုန်းပါပဲ နွေ
ဝေဒနာလူသားမှာတော့
မြန်မာ့မြေရဲ့ အဝေးတနေရာမှာ
ပိတောက်ပန်းကို တမ်းတသလို
အရောက်လှမ်းဖို့လည်း
….
လမ်းစတွေက ဝေးလှသလေ
အဲဒီ့အတွက်
….
ဆွေးရပါတယ် မေ ….. ။
နောက်နှစ်ခါလည်း ဆီးလို့ကြိုကွယ်လို့
လွယ်လွယ်နဲ့ ကတိမပေးရဲ
ရှာပုံတော်မင်းသားကြီးရဲ့
လိပ်စာကလည်း ပျောက်နေဆဲမို့
နှစ်သစ်ကူးလို့ အချစ်ဦးကို ရှာမဖွေနိုင်ခဲ့
ဒီအဖြစ်ဆိုးတွေ
…
နှစ်ထောင့်ဆယ့်နှစ်မှာ
နောက်ဆုံးအနေနဲ့ .. ပျောက်ဆုံးပါစေသား
ကွယ်
…………….. ။
2 comments:
ပိတောက်တစ္ဆေကဗျာလေးကိုခံစားဖတ်ခဲ့ပါတယ်
ကဗျာရွာက ကဗျာ အားလုံးလိုလိုကြိုက်တယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Post a Comment