လကွယ်ရက်မှာဖွင့်တဲ့ဖေ့ဘုတ်

လကွယ်ရက်မှာဖွင့်တဲ့ဖေ့ဘုတ်
မောင်လွမ်းဏီ


သင်းကွဲတွေ
နေရင့်မှန်း မသိ။

ဂူအောင်းသတ္တ၀ါတွေ
သဘာဝအရ၊ နေသားတကျ။

လင်းယုန်လည်း
ထင်းပုံမှာ နားရ။
 
ဇီးကွက်လည်း
မနက်ဆို ကျီးကို ကြောက်ပ။

ဟိုတကောင်
သိဂုတ္တရတောင် အနောက်ဇနပုဒ်
အတောင်ရုတ်တာ တွေ့ တော့။





တကောင်တည်းပဲလေ
ဒါပေမဲ့ ခြင်္သေ့
မြေခွေးက အကွေ့ က ခြောင်း။  

ချိုးနှစ်ကောင်ရဲ့ 
ထနောင်းပင်ညီနောင်လည်း
ထင်းလှည်းထဲမှာ တွေ့ သခိုက်။

ကံတိုက်နဲ့ 
ညာဏ်တိုက်
လူအတော်တော်များများ မိုက်တွင်းတူးကြည့်တယ်။     ။

၂၁ - ၁၁ - ၂၀၁၁

1 comments:

Sofar Away Fromu said...

သင်းကွဲတွေ
နေရင့်မှန်းမသိ.... .... ....

Post a Comment