ကယ်ကြပါအုန်းဗျို့
ကိုဇော်ငြိမ်း
စိတ်ဓာတ်ကျစရာ အရေးတွေကို
လိပ်ပတ်မျှအောင် တွေးလိုက်မိတော့
အိမ့်မက်မှာတောင် ယောင်ပြီးအော်
ဒီအသက်ရွယ်ရောက်တောင်မှ
ထမင်းလုံးတစ္ဆေ ခြောက်နေတုန်းပါလားနော်……..။
မင်းနဲ့ငါ ရန်မများချင်တာအမှန်ပါပဲ
အဖန်တစ်ရာစွဲနေတဲ့ အားငယ်စိတ်
အခုချိန်ထိ ဘာမှဖြစ်မလာတာ
ရင်မှာတော့ ထိတ်စရာပါ…………။
လိပ်ပြာတော့လုံပါတယ်
အမိုက်မဲဆုံး ရိုးသားခြင်းတရား
ဒီရင်ဘတ်ထဲမှာ ထားခဲ့တာ
အနှစ်လေးဆယ် နီးပါးတောင်
ရှိခဲ့ပါကကောကွယ်………..။
သိခဲ့တာ မောတယ်
မသိခဲ့ရင်လည်း
မောမယ်
အရှိ…
အသိ…. အငြိကြွယ်တဲ့ လူမုဆိုးတွေကြား
လူးလားခေါက်ပြန် လျှောက်ခံရတာများလို့
မုဆိုးခြေထောက် ဆူးမကြောက်ပေမယ့်
ကဗျာဆရာခြေထောက် ဆူးပေါက်ခဲ့တယ်……..။
ရူးလောက်ပါတယ် လောကဓံရယ်
တခါတလေ ထမင်းနပ်မမှန်တာ လူမသိ
အင်း……..
အစာအိမ်တော့ထိတယ်လေ………။
ငြိတွယ်နေတဲ့ ရိုးသားခြင်းတရား
အားနာမှု အရေခွံ့တွေ
ဆက်ပြီး လွှမ်းခြုံထားအုန်းမှာလား
အများသုံးနေတဲ့ ဘာသာစကား
ငါဘာလို့များ မလေ့လာထား
တွေးစရာတွေက များ
ပေးစရာတွေက ရှား
ကြည့်နေ မျက်လုံးများ
တံတွေးပင်လယ်ကြီး ကာစီးထား
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကယ်ကြပါအုန်း…..ကမ္ဘာပေါ်က
ဘုရားများ…….။
0 comments:
Post a Comment