အိမ်မက်ထဲမှာ
အချစ်ကဗျာရေးမိခြင်း
ကိုဇော်ငြိမ်း
အချစ်ကဗျာ ရေးမည်ကြံတိုင်း
ဘလော့ဂ်ကာ ကိုင်ထား
ဒီဂျေ ဗညားက
ပီကေဝါးရင်း ပြောကြားသည်မှာ
(ဒီတစ်သက် မိန်းမ မရ ခင်ဗျားဘဝကို)
သောင်ရင်းမှာ နှစ်
စဥ့်နီတုန်းပေါ် ခုတ်ကာထစ်တာ
အကောင်းဆုံးပါဟု
အကြံပေးစကား ပြောကြားတာကြောင့်
ကျတော် အချစ်ကဗျာ
မရေးဖြစ်တာပါ……။
ဗညားကိုလည်း တအားကိုဖြဲ
(အဟဲ…တမျိုးတော့
မထင်လိုက်ပါနဲ့ကွဲ့)
ရေးမည့်ကဗျာ အချစ်ကဗျာပါ
ရေးတော့မည်နော် ရေးချလိုက်ပြီ……..။
ကျတော်ကြံလိုက် လင်နောက်လိုက်သည့်
ကျတော်ချစ်သော မဒီအဖေါ်များ
နောင်၏ဘဝတွင် ပြောင်သည့် လဒ အသွင်
ဖြစ်ရပါစေသား………
မဖြစ်လိုငြား အပျိုတွေများ
ဤကဗျာဖတ်ပြီး
ကိုဇော်ငြိမ်းထံ
ချစ်သူစာရင်း
ပေးပို့ကြရန်
ပက်ပက်စက်စက်...အကျိုးမြှော်၍ နှိုးဆော်လိုက်သည်
အရင်စာရင်းပေး
ကံစမ်းမဲပါရမည်လေး......။
ထိုကဗျာကို
ရေးမိသည်ခဏ
စာရင်းလာပေး ကြည့်မိသေးတော့
အခြောက်ဂန်ဒူး
ကျားကျားဘူးတွေ ပြည့်နှက်နေပေါ့
အိပ်ရာကနေ
လန့်ကာနိုးတယ်
ဘယ်တော့များမှ.........
အချစ်ကဗျာ
မရေးတော့ဘူးကွယ်
ကြက်သီးများတောင်
ထမိတယ်.......။
0 comments:
Post a Comment