မဲဆောက်ကာဗာစတိုရီများ

မဲဆောက်ကာဗာစတိုရီများ
မောင်လွမ်းဏီ 
မိဘတွေ
ဘယ်ရောက်နေလဲ
ခလေးတွေ မဲဆောက်ကို
ချောင်းပေါက်နေတယ်။

မေတ္တာတရားတွေ ခန်းခြောက်
အမုန်းစကားတွေ လမ်းလျှောက်
သင်တုန်းဓားတွေ ထက်သလောက်
ရွာကိုလည်း အမှတ်ရလောက်အောင်
သောကတောင်က မြင့်မောက်ပေါ့။

ရင်ချင်းစပ်မြို့တဲ့
ဘ၀နဲ့ အနာဂတ်ကို ပေါင်းကူးမယ်လား
မတရားဘူးထင်တယ်
ရူးချင်ယောင်ဆောင်လို့မှ မရတာ
ကြာပဲ ကြာပြီကော
ရွာကော ယာကော၊ ချောင်းကော မြောင်းကော
တောကော တောင်ကော
ကောစရာ ကွမ်းတယာပဲလေ။

ဘာတတ်နိုင်တော့မှာလဲ
မိတ်ကပ် နီယွန် ညဆင်း အငှားဆိုင်ကယ်
တွယ်ထားလေ၊ ဒါတွေကပဲ
အသက်ကို ဆယ်နေတာ ဟုတ်ဘူးလားကို။

စကားပြောကောင်းတဲ့ ကောင်မလေးရဲ့
တောရကျာင်းက အသုဘ
ဘတိတ် ပြောမှ သိရတယ်။ ။


မောင်လွမ်းဏီ
၁၅-၇-၂၀၁၁

0 comments:

Post a Comment