လမ်းပေါ်မှာ


အဖော်ရှာနေတဲ့ မျက်ဝန်းတွေကို
အဖော်ဆာနေတဲ့ မျက်ဝန်းနဲ့ရှာဇွေရင်း
ကိုယ်တိုင်အဖော်မဲ့ခဲ့ရ...
လမ်းပေါ်မှာ....
နေ့ခင်းကြောင်တောင်
မီးအိမ်ထွန်းလျှောက်တာတောင်
ပြသနာတွေနဲ့ တိုးမိ တိုက်မိ
အိမ်အပြန်မှတ်တိုင်ကို
ပြန်ဝယ်နေရ လမ်းပေါ်မှာ......
ပေါင်မုန့်ရေ... သီချင်းရေ...
ပဋိသေန္ဓရ နုတ်ဆက်စကားမှာ
သင်ဘယ်ဟာကိုေ၇ွးမလဲ
မမေးဘဲနဲ့ ငါအဖြေသိမှာပေါ့
သူစိမ်းတွေချင်း ခြေချင်းလိမ်
လမ်းပေါ်မှာ...
အတ္တ အရောင်တွေက
တွန့်တွန့်လူးလှိုင်းထ
ကြော်ငြာဆိုင်းပုဒ်တွေအောက်မှာ
လမ်းဘေးထွက်
ပစ္စည်းတွေ ပီတာမင်နဲ့ ပိုပြည့်ဝ
ပိုတောက်မလာရတဲ့ခေတ်ကြီးထဲ
ငါတို့ ဟာ.....
ဒီလမ်းဘေးထွက်..
ပစ္စည်းတွေထွက်ရှိတဲ့
လမ်းဘေးရဲ့ဘေးက
လမ်းမပေါ်မှာ
ဘုရားသခင်နေရာချထားရမှာ
ဘုရားသခင် နေရာချထားတဲ့အတိုင်း.....

0 comments:

Post a Comment