ဆုတောင်းကြသူများ

ဆုတောင်းကြသူများ
ခွန်းဆက်

 

တဘ၀လုံးစာမျက်ရေတွေကို

ခင်းကျင်းပြနေတာမဟုတ်ဘူး

သူတို့ဆုတောင်းနေကြတာ

ဒိုင်းကာနံပတ်ဒုတ်နဲ့ ရဲသားတွေရှေ့မှာ

ငိုယိုရှိခိုးပြီး ဆုတောင်းတယ်….

သူတို့အိမ်ကလေးကို မဖျက်ဆီးကြဖို့…….

 

ဆုတောင်းတယ်

သူတို့ဝပ်ကျင်းအတွက်

သူတို့ယာ သူတို့မြေမှာ

နေထိုင်ခွင့်ရဖို့ လုပ်ပိုင်ခွင့်ရဖို့

သူတို့ယာမြေလေးကို မသိမ်းယူကြဖို့…….

သူဆို့ဆုတောင်းတယ်

 

ဒါတို့မြေဒါတို့ပြည်တို့ပိုင်တဲ့မြေ…”

သူတို့ အာခေါင်ခြစ်ကုပ်တဲအထိတောင်

အသံကုန်ဟစ်ကြွေး….

ရင်ထဲမှာ မျက်ရည်စတွေနဲ့

 

တောက်ခေါက်သံပျင်းပျင်းဟာ

ရင်ထဲအထိ အက်ကွဲ

သူတို့တွေက

အိမ်တွေ ယာတွေ မြေတွေ တင်မဟုတ်ဘူး

ဘ၀တခုလုံးကို သိမ်းယူပစ်လိုက်ကြတာ။

 

ဂုဏ်သိက္ခာအဆုံးအစွန်အထိ

သူတို့ ရှိခိုးဆုတောင်းခဲ့တာပဲလေ….

ဒါပေမယ့်

သူတို့ပြန်ရလိုက်တာက

လုံခြုံမှု ကင်းမဲ့တဲ့ အိမ်မက်တွေ
 

1 comments:

စံပယ်ချို said...

ကဗျာထဲကနေ မျက်စိထဲမြင်လို့ရတဲ့ မြင်ကွင်းတချို့ရှိနေတယ်

Post a Comment