ရှုခင်းအသစ်

ရှုခင်းအသစ်
မြေလတ်မောင်မြင့်သူ

ကောင်းကင်ကြီးကို လှမ်းခုန်ဆွဲလို့
တိမ်တစ်စ ဖမ်းမရနိုင်ပေမယ့်
အနည်းဆုံး မြေကြီးအထက်
မြောက်တက်သွားမှာတော့ သေချာတယ်
ဒီလို စိတ်အားဆေးတွေနဲ့ စိတ်တရားတွေး




စိတ်အားမွေးနေရတာလည်း အရိုးရင့်ခဲ့ပြီ
အတိုးလည်း နင့်ခဲ့ပြီ
တစ်သက်လုံး မြေကသိုဏ်းရှုပြီး
မျက်မှောင်ကြုတ်ခဲ့ရတဲ့ ဒီမျက်လုံး
ဘယ်အပြုံးနဲ့ မော့ကြည့်ရမလဲ
ကြာကြာကျင့်ခဲ့ရလို့ အကျင့်ကြာနေတာ
နားလည်ပေးလိုက်ပါ...........................။



လွတ်အောင် ရှောင်ချင်လွန်းတဲ့
ဝတ်ကြောင်ဘ၀ ၀ဋ်ကောင်ဒုက္ခကလည်း
အနံကြီးကွင်းကျယ် ခေါင်းစားတယ်၊ အရသာခါးတယ်
တစ်ဆိတ်လောက် စိတ်နဲ့ ရွာကြည့်
တခြား ဘယ်မိုးမှ အေးမှာ မဟုတ်တော့ဘူး
လောကဓံတရား ၈ ပါး
ကိုယ်နဲ့ အလိုမတူတာလောက်တော့
အလွယ်တကူ ကျနော်ကြည်ဖြူတတ်ပါတယ်........................။

တကယ်တော့
ရှုခင်းအသစ်ကို မြင်ချင်ရင်
မျက်လုံးအသစ်နဲ့ ကြည့်တတ်အောင် အရင်ကြိုးစားရမယ်
အိုင်တီခေတ်မှာ အဲဒီလောက်မှာ အိုင်ဒီယာမရှိရင်
နားက ပြောတဲ့စကား
ဘယ်တော့မှ မျက်လုံးနဲ့ ကြားမှာ မဟုတ်တော့ဘူး။

စရဏမဂ္ဂဇင်း
သြဂုတ်၊ ၂၀၁၀

0 comments:

Post a Comment