ဓါတ်ပုံတွေ ရေးတဲ့ ကဗျာများ - ၇

ဓါတ်ပုံတွေ ရေးတဲ့ ကဗျာများ - (၇)
မောင်လွမ်းဏီ


ပကတိ ထီးတည်း၊
ကျပ်တီးကုန်းခြောက်၊ တောင်နွေအောက်မှာ
ခမောက်ဒိုင်းကာ၊ နှီးဖျာကျောခင်း၊
ထမင်းထုပ်လွယ်၊ ကွမ်းထုပ်သယ်ရင်း။
 

နှီးခမောက်နဲ့ 
ခါးထောက်မထီ၊ အင်္ကျီကွက်ကြား၊
သနပ်ခါးမံ၊ နောက်ဆံတင်းရိုး
အမျိုးထဲမှာ မရှိ ဟေ့။

တိမ်ညွန့် စားမဲ့
ဝါးတံအဖျား၊ အလံရဲလွှင့်
အသင့်ဖြစ်နေပြီတဲ့ အေ့။

ဟောဒီ့သဲချောင်း
နောက်ကြောင်းမဆန်ခဲ့သမျှ၊
နောက်ပြန်လညှ့် လည်း မကြောက်ဘူး၊
နောက်ဆုတ်ရန် တံတားလည်း မရှိဘူး။
၂၆ - ၂ - ၂၀၁၃

0 comments:

Post a Comment