ဝဋ်

ဝဋ်
ရှားနစ်



 

လက်နက်နဲ့  လက်တော့ လဲမယ်
ပြက်လုံးနဲ့  မက်လုံးတွေ ဝေတဲ့ခေတ်။

တရုတ်ရဲ့ တုတ်ကို၊ မုချ ကြောက်ရတယ်ဆိုတဲ့
ဗိုလ်ချုပ်ဟောင်းတယောက်ရဲ့  တရုတ်ပြေးမင်းခေတ်။

 
ရွှေလက်နဲ့  ခေါ်မရရင်
ဘူးလက်နဲ့  ဆော်ရမယ်ဆိုတဲ့ ငြိမ်းချမ်းရေးခေတ်။
မကြားဘူး၊ မမြင်ဘူး၊ မတွေ့ ဘူးတဲ့
ဒုက္ခသည်အသစ်တွေ မွေးဖွားလာ၊ ဒိုနာရှာမောရတဲ့ ခေတ်။

ငြိမ်းချမ်းရေးကို တမ်းဆွတ်၊ လွတ်လပ်ခြင်းမျှော်ရည်
ခရီးရှည်ချီတက်သတဲ့၊ မျိုးတက်သစ်ပကာသဏီ ခေတ်။

ခရိုနီတသင်းနဲ့  ညီအကိုအရင်းသဏ္ဍာန်
ပလူးပလဲ ဆက်ဆံကြတဲ့ ကွန်ယက်ခေတ်။

ခရိုပြာကို၊ ကြိုဆိုပါ
မလိုတမာ ပြောမရတဲ့ ပါတီကြီးဝါဒခေတ်။

မူပိုင်ခွင့် ရင်ထိုးတေ၊ွ လက်သိပ် ခိုးဝေထားတဲ့
လူတန်းစားသစ်တွေ လမ်းထွင်နေတဲ့ခေတ်။
  
၂၀၀၈ သာ မထိနဲ့ ၊ ညှိစရာမလိုဘူး
အင်တာဗျူး အလိုလိုပေးတဲ့ မီဒီယာခေတ်။

နောက်ပြန်လှည့်ကာ၊ ဖောက်ပြန်မှာမို့ 
အကြောက်အကန် ထောက်ခံခိုင်းတဲ့ခေတ်။

ဒီလိုခေတ်ဆိုတော့လည်း
အင်းပေါ့
ဘယ်သူ့ ကို
ကြည်ညိုရမှန်း မသိတဲ့ခေတ်။ ။

ရှားနှစ်
၂၇ - ၁ - ၂၀၁၃

0 comments:

Post a Comment