လက်ပံတောင်းည

လက်ပံတောင်းည
မောင်လွမ်းဏီ
၂၉ - ၁၁ -၂၀၁၂
 
 
 
ကြယ် တာရာ
နက္ခတ်မစုံရော့လေသလား
ကောင်းကင်မှာ ဗုံးကျည်ဆံတွေ နဲ့ 
လပြည့်ည သန်းခေါင်ယံ။
အဇာတသတ်နဲ့ 
ဒေ၀ဒတ်ရဲ့  အကြံယုတ်
ညမိုးချုပ် ကားစင်ထောင်
တောင်ခြေက ပါးကွက်သား။
ရွှေဝါရောင်
မီးရောင် ရဲလျှံထကာပ
ဘုန်းကြီးပျံ လောင်တိုက်သွင်းကြတဲ့
သွေးကြောင်းစီးည။ ။

 

0 comments:

Post a Comment