ဘ၀ကင်ဆာ
ဘ၀ကင်ဆာ
မောင်လွမ်းဏီ
အပြောင်းအလဲ က
ခေါင်းထဲမှာ ထစ်ခြုံး
စစ်ပွဲထဲမှာ လူဖြစ်မရှုံးချင်။
တစပြင် လူခြေတိတ်တဲ့
အိပ်မက်သေတွေ နဲ့ နွေည
ဆေးစက်ကျရာ ဘာမှ ဖြစ်မလာ။
ခရီးရှည်တော့လည်း
အဘိဓ္ဓမာ မဲ့တော့ ခနိုးခနဲ့ ။
ခဏလေးပါပဲ
ရင်ခွဲကြည့်တာ ဖြစ်နေမလား
အဆိပ်လူးထားတဲ့ မြားနဲ့ 
ရင်ဝထိုးစိုက်သွားကြတာ
အခါခါ သေရွာပါတဲ့အထိ။   
ငါ့ဘာသာ ငါ
ကဗျာတွေ ထုဆစ်
အတုလား အစစ်လား
ခဏ ခဏ မှားနေတဲ့ ရာသီမိုးလေ။     ။
0 comments:
Post a Comment