နေရာ ၃ ယောက်

နေရာ ၃ ယောက်
မြင့်မိုးအောင်


ကလေးတယောက်သည် ဤနေရာကို

တခုသော ကစားကွင်းလို့ ထင်ပါသည်
ထို့ကြောင့်၊ သူပျော်သည်
ကစားဖော်တို့ဖြင့် ဆော့သည်
ပြေး၏
အရုပ်များကို နေရာရွှေ့ပစ်သည်။

လူကြီးတယောက်က အဲဒီနေရာကို
တောအုပ်တခုလို့ ထင်တယ်
ဒါကြောင့်၊ သူရဲရင့်တယ်
သားကောင်တွေကို ချောင်းမြောင်းတယ်
အမဲလိုက်တယ်
ဧည့်ခန်းထဲမှာ တိရိစ္ဆာန်ခေါင်းတွေ ချိတ်တယ်။

လူအိုတယောက်ကမူ ထိုနေရာအား
ဗုံးခိုကျင်းတခုဟု မှတ်ထင်သည်
ထို့ကြောင့်၊ သူကြောက်ရွံ့သည်
မကြာခဏ ကောင်းကင်သို့ မော့ကြည့်သည်
ပုန်းသည်
ဆုတောင်းသည်
တခါတရံ၌ ငိုသည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၇ ခုနှစ်)


0 comments:

Post a Comment