မမှားတဲ့ သစ္စာ

မမှားတဲ့ သစ္စာ
ခန့်မိုးကို

မုန်းတယ်လို့ ပြောမထွက်ခဲ့ဘူး
မက်မက်စက်စက် ချစ်ခဲ့တဲ့ စိတ်က
သူ့သစ္စာတရားအတွက်
မကွယ်မ၀ှက်
တိတ်တိတ်ကလေး
နေရက်တာကိုက
ရက်စက်တယ်။       ။


မချစ်ဘူးလို့
တူးတူးခါးခါး
ဘယ်နှခါ ငြင်းငြင်း
အပေးအယူ
အတင်းလုပ်
သတင်းထုတ်ခဲ့ဘူးသလားမောင်တဲ့။     ။

နောင်နှစ်ပေါင်း ရာထောင်
ဘယ်သူ မသိ သိ
ငါနဲ့ ငါချစ်ခြင်း ကြား
ထားမိတဲ့ သစ္စာစကားတွေ
မှတ်တမ်းမှတ်ရာအဖြစ်
ပုံတူမျိုးပွား ဗီဇတူ လူသား
ထားရစ်ခဲ့ချင်သေးတယ်။       ။

0 comments:

Post a Comment