ခွဲခွာချိန်

ခွဲခွာချိန်
မင်းခိုက်စိုးစန်

နွေရာသီရောက်လာတာကိုက
စောလွန်းတယ်.........
အဲသလောက် မွန်းကြပ်မယ်မှန်း



သိခဲ့ရင်.................
အသက်ရှုတတ်အောင်
ငါမသင်ခဲ့ပါဘူး................

သစ်ပင်တွေသွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလို
အချစ်ရေ..........တို့စိတ်နဲ့ .....တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူကြွေပစ်လိုက်ကြမယ်
ဘာဖြစ်လို့............ခွဲ..............ရ............မှာ.........လဲ..........ကွယ်

မြက်ခင်းတွေ အမြဲစိမ်းနေတာကို မြင်ရအောင်
ဘ၀ကို
ဘောလုံးကွင်းပဲ ဖြစ်လိုက်ချင်တော့တယ်.........။

အခုတော့
နွေရာသီ ရောက်လာတာကိုက စောလွန်း
မင်း.........သွားမယ်ဆိုလည်း
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ်............။

((အိုင်ဒီယာ မဂ္ဂဇင်း သြဂုတ်လ ၂၀၁၀))

0 comments:

Post a Comment