ဥဒ္စစ္စ ရှင်လောင်း ၊သို့မဟုတ်၊ အဖေ

ဥဒ္စစ္စ ရှင်လောင်း ၊သို့မဟုတ်၊ အဖေ
လင်းအရုဏ်၊မရမ်းကုန်း၊


အိပ်မက်တွေ တဆစ်ဆစ်ကိုက်လွန်းလို့
ငါ့ရဲ့ ရင်းထတဲ့ စိတ်ဓာတ်တွေ သယ်ဆောင်
အမှောင် မရှိတော့တဲ့ ဘ၀တစ်ခု
လေအေးက တစိမ့်စိမ့် ငြိမ့်ခနဲ မျောလွင့် မျောလွင့်
စုတ်ပြတ်တဲ့ လွပ်လပ်ခြင်းဟာ
အနားဖွာတဲ့ တောင်းဗလာလို
အကြောင်းတွေ ရည်ရွယ်လွန်ရင်း
သာကြောင်း၊ မာကြောင်း၊ ဆာကြောင်းတွေ
သောင်းပြောင်းနဲ့ ဟောင်းဟောင်းသွားတာ
ကြယ်တွေတောင် အို ကုန်ပေါ့
အရိပ်ကတော့ ခပ်ဆိတ်ဆိတ်
အတ္တကတော့ ကာလာ (Colour) ပိုတောက်လာတယ်
သိင်္ဂါရောင်မနက်ခင်းမှာ
ရိုးသားမှု အခင်းအကျင်းတွေက ကျွံကျ
အိပ်မက်ကိုထုဆစ်မိတော့လေ
ကျွန်တော့်ကို ထမ်းထားတဲ့ အဖေ့ရဲ့ အပြုံးကို
ငုံ့ကြည့်လိုက်ရတာ
အိပ်မက် အတွေးတောင် ရင်ထဲနွေးတယ်။

(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

0 comments:

Post a Comment