သမုဒယအကြွေ

 သမုဒယအကြွေ
ရိုးရာမြေ

တစ်ဘ၀စာ ခပ်ကြာကြာ
ကြည့်ခွင့်ရရုံလေးပါပဲ
(ဒီ့အပြင်)ဘာမှမပိုခဲ့ပါဘူး။
အချစ်တွေကိုမျှားဖို့
ရင်ခုန်သံတွေအစာတပ်လိုက်တာ
ရင်ဘတ်တစ်ခြမ်းတောင်ပြန်ပါမလာဘူး။
လူသူကင်းမဲ့တဲ့လမ်းမထက်မှာ
ကဗျာတွေကိုအဖော်ပြုရင်း
ကောင်းကင်ကကြယ်တွေကိုပဲငေးနေမိတယ်။
ကိုယ့်အတွေးနဲ့ကိုယ်မှန်နေတဲ့လောကထဲ
ဘာကိုမှစောဒကမတက်လိုတော့ပါဘူး
ငေးငေးပြီးဆွေးနေရတဲ့ဘ၀မှာ
ဖြစ်နိုင်မယ်ဆိုရင်
မင်းအချစ်နဲ့တစ်ရေးလောက်အိပ်ချင်တယ်။
နွယ်ပင်လိုတွယ်ငင်ရစ်သော်လည်း
သစ္စာတရားကတစ်ဝက်ခါးနေတော့
နှလုံးသားနဲ့လင်းတဲ့မျှော်လင့်ခြင်းလရောင်အောက်မှာ
စိမ်းမြနဒီရေ . . .
မင်းအရိပ်နဲ့တင်ငါ့ကမ္ဘာ
အမှောင်ကျနေပါပြီကွာ။

http://poeminmyheart.wordpress.com/ မှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment