ညီအကိုတို့

 ညီအကိုတို့
မောင်လွမ်းဏီ

တက္ကသိုလ်ရင်ခွင်နဲ့
စာသင်ကျောင်းထဲမှာ
ဗလာစာအုပ်ပေါ် ခဲတံချွန်ရင်း ...။

ခေါင်းလောင်းသံနဲ့၊ သေနတ်သံကို
ပြောင်းပြန်လုပ်၊ မောင်းပြန်ဆုပ်ခဲ့ကြ။

ကျောင်းသားစိတ်ရင်း
နှလုံးသွင်းခဲ့
ဖိနပ်မဲ့စစ်သားတွေ ဖြစ်ခဲ့တယ်။

အားလုံး အားလုံး
ရှစ်လေးလုံးက
တအူတုံဆင်း အမြွှာပူးတွေ။

နိုဝင်ဘာ ၁ ရက်ဆို
ဘယ်လောက်ဝေးဝေး
သွေးနွေးကြ၊ သွေးနီးကြ၊ တမ်းဆွတ်ကြ
လွမ်းတတဲ့ တေးတွေ ဆိုညည်းကြ။

၂၃ နှစ် အသက်
တို့အားလုံးရဲ့ အလံတော်တလက်ကို
မြဲမြံဖက်တွယ် ကိုင်စွဲ ကာကွယ်ထားကြဆဲ
အမြင့်မားဆုံး လွှင့်ထူနေကြဆဲပဲလေ။

ရဲဘော်တွေရဲ့
သွေးနဲ့
ရေးခဲ့တဲ့ လမ်းပြမြေပုံ
ရဲရဲယုံလိုက်ပါ။ ။



၃၀.၁၀.၂၀၁၁

2 comments:

စံပယ်ချို said...

၈၈၈၈ မှာ ကွန်မအရမ်းငယ်ပါသေးတယ် ဒါပေမဲ့ ခံစားတတ်နေပြီ
ကျောင်းသားတွေသနားဖို့ကောင်းလိုက်တာ

စံပယ်ချို said...

အပေါ်မှာ ကျွန်မလို့ရေးတာ ကျန်နေခဲ့လို့

Post a Comment