အမှားများ…


 အမှားများ…
ကိုဇော်ငြိမ်း 


နပိုလီယံပာာ….စစ်တိုက်တဲ့နေရာမှာ
အချိန်ရွေး….မှားခဲ့တယ်…….
အက်ဒွပ်ဘုရင်ပာာ…ဗြိတိသျှထီးနန်းမှာ
နေရာယူ….မှားခဲ့တယ်
ရှင်မွှေးလွန်းပာာ….မင်းန္ဒာရဲ့လက်မောင်းပေါ်
ခေါင်းအုံးအအိပ်….မှားခဲ့တယ်
ကျန်စစ်သားနဲ့….မဏိစန္ဒာပာာ
နှလုံးသားနဲ့တာဝန်….မှားခဲ့တယ်
ရိုမီယိုနဲ့….ဂျူးလိယက်ပာာ
မွေးဖွားရာမျိုးနွယ်စုခြင်း….မှားခဲ့တယ်

ကဲ…………
မပာားတရားနဲ့
မပာာ့….မပာာ
အမှားများစွာကို
မပာာမိတ်ပမာ….အဖော်ပြုကာ
ကိုယ့်အမျိုးတစ်စု….ကောင်းမှုအတွက်
ပန်းမကူ….လမ်းမယူဘဲ
အောင်းချင်သလိုအောင်း
မောင်းချင်သလိုမောင်း
တလောကလုံးကို….မရမကဖြီးတဲ့
ဘဘကြီးတို့ရေ…

ကိုယ့်အမှားကိုယ်သိ
အမှန်ကိုပြင်နိုင်တဲ့
အချိန်ဆိုတာ….ရှိသေးတယ်
လူအများက….ခွှင့်လွှတ်တဲ့အချိန်
နားလည်စွာနဲ့….လိုက်လျော
အမိုက်သဘောတွေကို … ခဝါချ
အင်း ... စာပြစရာတော့
မလိုပါဘူးနော့် …


ဒီအတိုင်းဆက်ကာမှား
လည်ပင်းမှာဆွဲရမယ့် ပုတီးအစား
မနီလာကြိုးကွင်းနဲ့သာ…
ညားသွားရင်
အဲဒီ့….အမှားတစ်သိန်း
ယမမင်းနဲ့ ဘော်ဒါအပလိန်းက
နာဂစ်နဲ့ ရောသမမွှေ
(ကြည့်များတောင်…ကြည့်ရဲပါဘူးလေ)
အဲဒီ့တော့….ဘဘတို့ရေ
ထမီ…အသိနဲ့မယှဉ်
ကဲ……………………………
အချိန်ရှိတုန်းသာ…..ပြင်………………..။


0 comments:

Post a Comment