ကြိုးစင်ပေါ်က နှလုံးသားများ

အောင်ဝေး
ဖေဖော်ဝါရီ ၂၅၊၂၀၁၁


တယောကို
ဘီလူးထိုးတယ်။

ဘိုးတံက
ညှီလို့ ။

ပွတ်ဆွဲလိုက်တိုင်း
ကြိုးတချောင်းတည်း။

သူ့ ဘက်က
ဂီတမဟုတ်တဲ့
ဂီတအတု။

ရပ်နေတဲ့
ရေတံခွန်။

ကိုယ့်ဘက်က
နာကျည်း
ခံပြင်းမှု။

ဆူညံတဲ့တေး
စီးနေ။

ဘယ်တော့မှ
ဦးမညွှတ်ဘူး။

ဘယ်တော့မှ
ဦးမညွှတ်ဘူး။

ဘယ်တော့မှ
ဦးမညွှတ်ဘူး။

တယောကြိုးအပြတ်က
လည်ပင်းကို
လာရစ်တယ်။

“အချစ်ရေ
ဆက်ပြီးတိုက်ပွဲဝင်ပါ“
တယောကို
ဘီလူးချိုးလိုက်ပေါ့ ။        ။

အောင်ဝေး
ဖေဖော်ဝါရီ ၂၅၊၂၀၁၁


မူရင်းဆိုဒ်မှကူးယူဖော်ပြပါသည်   http://aungway.blogspot.com/

0 comments:

Post a Comment