အလွမ်းရင်နင့် ....... ပန်းလိုပွင့်


အလွမ်းရင်နင့် ....... ပန်းလိုပွင့်
မသွားနဲ့လေ၊ တားချင်ပေမယ့်
ပြောခွင့်မရှိ၊ မချိရင်နာ
ဖြေရာမရ၊ လွမ်းဘ၀မှာ
တမ်းတမျက်ရည်၊ ပင်လယ်ဝေပြီး
အထီးကျန်လည်း၊ ချစ်နေဆဲပါ။
ညအိပ်မပျော်၊ မေ့ချင်သော်လည်း
အတိတ်ပုံရိပ်၊ လွမ်းမိစိတ်ကြောင့်
သူမ..ပေးခဲ့၊ ရင်ခုန်ရက်တို့
ကြေကွဲပျက်သုဉ်း၊ ဇာတ်လမ်းဆုံးမှာ
အလွမ်းရင်နင့်.........ပန်းလိုပွင့်..........။

 
မိုးစက်နီ

0 comments:

Post a Comment