ရှာရင်း ပျောက်သွားတဲ့ ကောင်းကင်


 ရှာရင်း ပျောက်သွားတဲ့ ကောင်းကင်
                 ရင်ခွင်အို 

သေကံမရောက်သက်မပျောက်လို့
မင်းဆီလာခွင့်ကြုံခိုက်မှာ

နင်ကတော့ ပုထုဇဉ်တို့ရဲ့ တာဝန်တချို့ကိုထမ်းရွက်လို့
ဒီအချိန်မှာ ငါတယောက်တည်း
အထီးကျန်ရင်း စောင့်နေခိုက်

တခါတုန်းက နင်ခြွေချခဲ့တဲ့
နင့်ရင်ဘတ်ထဲက တေးသံတချို့ကို
ငါတယုတယလိုက်ကောက်နေတုန်း

အလှုပေးထားတဲ့ နင့်ကဗျာတချို့တောင်
ငါ့အတွက် ဒေါင်းလုပ်ကျတော့ ငွေတောင်းသတဲ့။

နင်ပို့ပေးတဲ့ Greeting Card ကတောင်
ငါ့အတွက်ကျ Loading နဲ့တင် စွေစောင်းနေလေရဲ့။

သြော်..ကံဆိုးတဲ့ ဘ၀မှာ
ဗိုင်းရပ်စ်တို့က ငါ့ခန္ဒာကိုယ်ပေါ်မှာ ကခုန်မြူးနေခိုက်
အထီးကျန်နေတဲ့ နှလုံးသား တစုံပိုက်ရင်း
နင်နှုတ်ဖျားက စကားလုံးတချို့ကို ခဏလှုံမယ် ကြံခိုက်..
ငါ့နဲ့ အဝေးဆုံးက နင့်ရင်ဘတ်ထဲတောင်
ဝင်မကြည့်ရဲလို့  အားတွေကုန်လိုက်။။


0 comments:

Post a Comment