စပယ်ကြွေတဲ့ည


အရင်လိုမမွှေးမြတော့ဘူးရယ်၊

မိုးရေတွေမဟုတ်ဘူး
မျက်ရည်တွေပါကိုကို
အပွင့်လေးတွေဖြူသလောက်
အရွက်တွေဒီလောက်စိမ်းမယ် မထင်ခဲ့မိဘူး၊

သံယောဇဉ်ဆိုတာ
ဝေးသွားရင်ညှိးတတ်ခြောက်တတ်သတဲ့လား
အခုတော့ အဖူးလေးတွေပါ ကြွေ။ ။

နှင်းခါးမိုး

0 comments:

Post a Comment